တံတားဦးမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ နံရံကပ်ဓာတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တံတားဦး ဩဂုတ် ၁၃

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် သင်ပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် သင်ပန်းကျေးရွာအခြေခံပညာမူတန်း ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသင့်ပါကြောင်း၊ ဒါ့အပြင် ကျောင်းသား/သူများ အဆင်ပြေစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံများ စီစဉ်ထားရှိပြီး စာအုပ်အသစ်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို စနစ်တကျလေ့လာမှတ်သားကြစေလိုကြာင်း ပြောကြားသည်။

ထို့နောက် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်ဓါတ်ပုံပြပွဲတို့ကို ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုကြပြီး Mobile စာကြည့်တိုက်ကို အခမဲ့ငှားရမ်းပေးသည်။ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ စာပေကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာ ကျောင်းများအရောက်လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့သို့လည် မည်သူမဆိုအခမဲ့ အသင်းဝင်ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)