တောင်တွင်းကြီးမြို့နယ်အတွင်း ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

တောင်တွင်းကြီး ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ပစ္စည်းတင်ဒါ၊ လုပ်ငန်း တင်ဒါဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ယမန်နေ့က မကွေးခရိုင်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆလိုင်းနေအောင်ဆန်းမှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး ငွေလုံးရန်ပုံငွေ ၄၀၁ ဒသမ ၈၀၆ သန်းဖြင့် တံတားလေးစင်းနှင့် ဂဝံမြေနီလမ်း (၁ / ၃. ၄၅)မိုင်၊ ပြည်ထောင်စုငွေလုံးရန်ပုံငွေ ၅၅၃ ဒသမ ၇၆ သန်းဖြင့် တံတားနှစ်စင်း၊ ရေကျော်လေးခုနှင့် ဂဝံမြေနီလမ်း (၃/၂.၅) မိုင်တို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။

အောင်ကို (ပြန်/ဆက်)