ဘူးသီးတောင်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဘူးသီးတောင် သြဂုတ် ၁၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းနှင့်အတူ ဝန်ထမ်းများသည် တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်(၉)နာရီအချိန်က ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းက ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား (အသစ်/ လဲလှယ်/ ပျောက်ပျက်/ မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစာရင်း)များ ပြုလုပ်ပေးရာတွင် သိသင့်သိထိုက်သည့် အချက်များနှင့် ပန်းခင်းစီမံချက်အဆင့်(၂)ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ၏ ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတို့ လိုက်နာရမည့်စည်းကမ်းချက်များနှင့် ပျောက်ဆုံးပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းနှင့် ပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် တောင်ရပ်ကွက်ရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူများနှင့် (၁၀)နှစ်နှင့် အသက်(၁၈)နှစ်ကြားရှိ ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)