မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ‌ထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့နံနက်  ၀၉း၃၀ နာရီ က အမှတ်(၁) အခြေခံပညာအထက်တန်း​ကျောင်း၊ မြတ်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရေကြည်မြို့နယ် အသုတ်မြို့(အ.ထ.က)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အသုတ်မြို့(အ.ထ.က)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့မှောက်ပြောဆိုဆွေးနွေးတက်စေရန်၊ တိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့်အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ဆည်တမံများအတွင်းရေဝင်ရောက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆည်တမံများ အတွင်း ရေဝင်ရောက်မှုအခြေအနေများကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဘားအံမြို့၌ သံလွင်မြစ်ရေ ပြန်လည်ကျဆင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ကရင်ပြည်နယ်၊ဘားအံမြို့တွင် သံလွင်မြစ်ရေသည်စိုးရမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၉၁၆ စင်တီမီတာ ထိမြင့်တက်ခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့ ယနေ့နံနက်တိုင်းတာချက်များအရ ၈၇၀ စင်တီမီတာအောက်သို့ ပြန်လည်ကျဆင်းသွားရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ ဦးဆောင်၍ ရေကြီးနစ်မြှုပ်ခဲ့သော ကမ်းနားလမ်းတစ်လျှောက်နှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဝိုင်းမော်မြို့နယ်၌ “ပညာပျိုးခင်း” ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ “ပညာပျိုးခင်း”ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကို ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သာဂရ ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ဝန်းသိုမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေဩဇာအချိန်ကိုက်အချိုးညီတွဲဖက်သုံးစွဲရေး နည်းပညာပေးသင်တန်းနှင့် သဘာဝပိုးပြေးဆေးပြုလုပ်နည်းသရုပ်ပြပွဲပြုလုပ်

၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေဩဇာ အချိန်ကိုက်အချိုးညီတွဲဖက်သုံးစွဲရေး နည်းပညာပေးသင်တန်းနှင့် သဘာဝပိုးပြေးစေး ပြုလုပ်နည်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီး၌ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၄၀၀)ဦးခန့်တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင်အပတ်စဉ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယဉ်ကျေးလိမ္မာ သင်တန်း ကို ယနေ့ နံနက်၈နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၄၀၀)ဦး ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါး(၁၈၂၂၉)ဧက ရေနစ်မြုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ မိုးစပါးစိုက်ဧကပေါင်း(၁၈၂၂၉)ဧကရေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ခရိုင်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇော်ဝင်းနှင့်အတူ  ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့ ဒေသဖွံဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

တနိုင်းမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုအား လေ့လာကွင်းဆင်း

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ်အတွင်း ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးစပါးများစိုက်ပျိုး မှုအ‌ခြေအနေနှင့် စိုက်ဧကစာရင်းနှင့်၊ တိရစ္ဆာန်မွေးမြူမှုအခြေအနေများကို သြဂုတ်လ ၁၂ ရက်နေ့ နံနက် (၈) နာရီက ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ ကွင်းဆင်း‌လေ့လာခဲ့သည်။
Subscribe to