ကမမောင်းမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ   ရေဘေးသင့် ပြည်သူများအား ဆန်နှင့်ဆီများ ထောက်ပံ့

ကမမောင်း ဩဂုတ် ၁၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့် ပြည်သူများအား ယနေ့နံနက်ပိုင်း၌ ကမမောင်းမြို့ အမှတ်(၂) ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးတွင် တစ်ပတ်စာဆန်နှင့်ဆီများ ထောက်ပံ့ပေးခဲ့သည်။

ကမမောင်းမြို့အုပ်ချူပ်ရေးမှူး ဦးသန်းလင်း၊ နယ်မြေရဲစခန်းမှူး   ရဲအုပ်ဝင်းကြိုင်နှင့် မြို့မီးသတ်တပ်ဖွဲ့ဦးစီးမှူးတို့မှ အ.လ.က (၃)  ဘေးရှောင်စခန်းနှင့်    အ.မ.က (၅) ဘေးရှောင် စခန်းများ၌ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိသော အိမ်ထောင်စု(၁၂၉)စုရှိ ရေဘေးသင့် ပြည်သူ (၅၈၈)ဦးတို့အား ဆန်(၅၃၆)ပြည်နှင့် ဆီ(၃၈)ပိဿာ ထောက်ပံ့ပေးခြင်းဖြစ်သည်။ ကမမောင်းမြို့တွင် မိုးအဆက်မပြတ် ရွာသွန်း၍ သံလွင်မြစ်ရေ တက်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် လူနေအိမ်များ နစ်မြုပ်ကာ ရေဘေးကယ်ဆယ်ရေး စခန်းများသို့  ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိပြီး အဆိုပါ ဘေးသင့်ပြည်သူများ စားနပ်ရိက္ခာ အဆင်ပြေရေးအတွက် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)