ကမမောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ပြသ

ကမမောင်း သြဂုတ် ၁၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလူတိုင်း ပါဝင်ဆောင်ရွက်ပေး အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက် (၁၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်၌ ချိတ်ဆွဲပြသပေးခဲ့သည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းတိုက်ခတ်ခြင်း၊ မြစ်ရေကြီးခြင်း၊ မြေငလျင်တုန်လှုပ်ခြင်းများအတွက် ကြိုတင်ပြင်ဆင်ရေး၊ အန္တရာယ်ကျရောက်စဥ် ကျရောက်ပြီး ဆောင်ရွက်ရန်၊ ဆောင်ရန်ရှောင်ရန်အချက်များဖြစ်သည့် အသိပညာပေး နံရံကပ်စာ​စောင်များ ပြသပေးထားကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)