ငပုတော သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျွန်းညိုကမ္ဘာလာအုပ်စု၊ ဖိုးရွှေလှော် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရာဇာစိုးက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အထူးအလေးဆောင်ရွက်နိုင်ရေး၊ ထူးခြားဖြစ်စဥ်များရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ချက်ချင်းတင်ပြနိုင်ရေး ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသန်းဦးက မိုးစပါးတစ်ဧကလျှင် တစ်ဆယ်တင်းနှုန်းတိုးထွက်ရေး၊ ရွှေခရုအန္တရာယ်မှ ကြိုတင်ကာကွယ်နှိမ်နင်းရေး၊ ရိုးပြတ်ကျန်မရှိစိုက်ပျိုးရေးနှင့် စိုက်နည်းစနစ်မှန် ကန်စေရေး၊ ခိုးဝင်ဘင်္ဂါလီများမရှိစေရေး၊ ဧည့်စာရင်းတိုင်ကြားရေး၊ စိုက်ဘဏ်ကြွေးများ ပြန်လည်ပေးသွင်းနိုင်ရေးတို့ကိုပြောကြားပြီး ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် ဒေသခံပြည်သူများက လိုအပ်ချက်များ ပြန်လည်တင်ပြလာမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ အခြေခံပညာ အထက်တန်းကျောင်းဖိုးရွှေလှော် (၁၂၀×၃၀ပေ)၊ RCC တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပီးစီးမှုအခြေအနေ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)သရက်ပင်ကွင်းရှိ(၁၂၀×၃၀ပေ) RCC တစ်ထပ် နှင့် အခြေခံပညာအထက်တန်းကျောင်း အထက(ငပုတော)ရှိ (၆၀×၃၀ပေ) သုတဘဏ်စာကြည့်တိုက် ဆောက်လုပ်ပီးစီးမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်ဝစေရေး၊ ပြတင်းပေါက်မှန်တံခါးများ၊ မျက်နှာကြက်နှင့် မီးလိုင်းများတပ်ဆင်ထားမှုနှင့် အခြားလိုအပ်သည်များကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)