ပိုင်ကျုံမြို့၌ ရေဘေးသင့်အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ်မှ စားနပ်ရိက္ခာများနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးအပ်

ပိုင်ကျုံ ဩဂုတ် ၁၄

ကရင်ပြည်နယ် ပိုင်ကျုံမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုနှင့် ချောင်းရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများ အဆင်ပြေစေရန်အတွက် စားနပ်ရိက္ခာများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတို့က ဩဂုတ် ၁၂ ရက်တွင် ထောက်ပံ့ပေးအပ်သည်။

ပိုင်ကျုံမြို့ ဝင်းဖရကျေးရွာအုပ်စုအတွင်းရှိ ရေးဘေးသင့်အိမ်ထောင်စု ၃၅ စု လူဦးရေစုစုပေါင်း ၁၅၅ ဦးတို့အတွက် မာမား ၅ ဖာ ကြက်ဥ ၆ ကဒ် မုန့် ၄ ဖာနှင့် ထောက်ပံ့ငွေ ၁၃၁၀၀၀၀ ကျပ်တို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်

အဆိုပါ ထောက်ပံ့ခြင်းလုပ်ငန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင်ဦးနှင့် တာဝန်ရှိသူများက ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်

နော်ခူး(ပြန်/ဆက်)