အုတ်ဖိုမြို့၌ အာဟာရဖွံဖြိုးရေးနှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနား ကျင်းပ

အုတ်ဖို သြဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံဖြိုးရေးနှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို အ.ထ.က အုတ်ဖို ဧရာခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းက ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ ကျောင်းသား၊ ကျောင်းသူလေးများ ကျန်းမာရေးအသိပညာတိုးပွားလာပြီး ကျန်းမာကြံ့ခိုင်မှသာ ပညာသင်ကြားမှုအားအထောက်အကူဖြစ်ပြီး နိုင်ငံတော်အတွက် အားကိုးရသော သားကောင်းရတနာလေးများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီးမှ ကျောင်းသား၊ ကျောင်းသူများအတွက် သံချဆေးနှင့် ဖျူရာမင်ဘီစီ (ပျိုဖော်ဝင်အားဆေး)တို့ကို ပေးအပ်ရာ အ.ထ.က အုတ်ဖို ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းကြူက လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)