ရေတာရှည်မြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူ သင်တန်းဖွင့်လှစ်

ရေတာရှည် ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အမှတ် (၄၈) စက်မှုလယ်ယာစခန်း၌ လယ်ယာသုံးစက်ကိရိယာ အစိတ်အပိုင်းများတပ်ဆင်ခြင်း၊  ပြင်ဆင်ထိန်းသိမ်းခြင်း၊ စနစ်တကျ မောင်းနှင်ခြင်းလုပ်ငန်းများ ပိုမိုကျွမ်းကျင်ကာ ထိရောက်အောင်မြင်စွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ ) တောင်သူသင်တန်းအား အခမဲ့ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးကျော်မင်းဦးက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားများက ခင်းကျင်းပြသထားသည့်  လယ်ယာသုံးစက်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။

အဆိုပါသင်တန်းအား သြဂုတ်လ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ  စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး တောင်သူသင်တန်းသား (၃၀) ဦးတက်ရောက် ခဲ့ကြောင်း သိရသည်။  

ရေတာရှည်(ပြန်/ဆက်)