ပြင်ဦးလွင် ဩဂုတ် ၁၅
uab ဘဏ်၏ ၁၃ နှစ်ပြည့်နှစ်ပတ်လည်နေ့အား ကြိုဆိုသောအားဖြင့် ပြင်ဦးလွင်ဘဏ်ခွဲတွင် “ ဖေးမလို့ကူ ဒို့ပြည်သူ “ အစီအစဉ်ဖြင့် ပြည်သူများအား ဆန်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဘဏ်ခွဲ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်လှူဒါန်းမှုအား သက်ဆိုင်ရာမြို့နယ်များရှိ uab ဘဏ်ခွဲများတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြင်ဦးလွင်မြို့ uab ဘဏ်ခွဲ၌လည်း ဘဏ်မန်နေဂျာဦးစီးသော တာဝန်ရှိသူများက လူဦးရေ ၃၅၀ ဦးအတွက် တစ်ဦးလျှင် ဆန်သုံးပြည်စီ ထောက်ပံ့လှူဒါန်းခြင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သန္တိသုခ လူမှုကူညီရေးအသင်းဝင်များထံသို့လည်း ဆန်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြင်ဦးလွင်ဘဏ်ခွဲမှ တာဝန်ရှိသူများနှင့် စေတနာရှင် customer များစုပေါင်း၍ ခေါက်ဆွဲခြောက် ငါးထုပ်၊ ကြက်ဥငါးလုံး၊ ဆန်ကြာဆံတစ်ထုပ်၊ အဝတ်လျှော်ဆပ်ပြာ၊ ဆေးဝါးအစရှိသည်များအား ကျေးရွာများအထိကွင်းဆင်းကာ ပြည်သူများလက်ဝယ်အရောက် ဖြည့်စွက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ် ခရိုင် (ပြန်/ဆက်)