ဟိုပန်၌ နမ့်ဆွမ်ချောင်းရေလျှံမှုကြောင့် ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ ထောက်ပံ့

ဟိုပန် ဩဂုတ်လ ၁၄

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ဩဂုတ်လ ၁၁ ရက်နေ့က နမ့်ဆွမ်ချောင်းရေကြီးမှုကြောင့် ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပထမဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရှေ့တန်းအမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယကွပ်ကဲရေးမှူးဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးဦးထွန်းထွန်း ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် တာဝန်ရှိသူများက မန်ခွန်ရပ်ကွက်၊ ဈေးရပ်ကွက်၊ ကောင်းဟုန်းရပ်ကွက်တို့မှ ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စု(၄၆)စုတို့အား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ တို့ကို ထောက်ပံ့ပေးအပ်ခဲ့
ပါသည်။

ယနေ့တွင် ဆန်(၂၄)ပြည်အိတ်(၁၈)အိတ်၊ ဆန်(၆)ပြည်အိတ်(၁)အိတ်၊ ဆန်(၃)ပြည် (၁)အိတ်၊ ကြက်ဥ(၁၆)ကဒ်၊ ဆီ(၄၈)ဘူး၊ ဆား(၆၀၀)ထုတ်၊ စုစုပေါင်းတန်ဖိုးငွေ ၂၂၇၃၅၀ဝိ/- ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)