ခရမ်း ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကမာမတ်စံပြကျေးရွာရှိ အထက်တန်းကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ် ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ခရမ်းမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စု (၅၅)မှ တပ်စုမှူး ဒုရဲအုပ် နေမျိုးနိုင်နှင့် ကမာမတ်ရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်အောင်တို့က ကမာမတ်စံပြကျေးရွာရှိ အ.ထ.က ကမာမတ်၌ ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူများ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများအား အသိပညာပေးဟောပြောခြင်း၊ လူကုန်ကူးမှု မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများအား ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဒုရဲအုပ် နေမျိုးနိုင်မှ ကျောင်းသား၊ ကျောင်းသူများအား ယာဥ်စည်းကမ်းများနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အသုံးပြုရန်အတွက် ကျောင်းသုံး စာရေးကိရိယာများ၊ စာအုပ်နှင့် ဘောပင်များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမွန်နှင့် ကျောင်းသား/ကျောင်းသူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)