ဘူးသီးတောင်မြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြော

ဘူးသီးတောင် ဩဂုတ် ၁၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြခြင်းကို ယနေ့ နံနက်(၁၀) နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြသည်။

ရှေးဦးစွာမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကျောင်းနေအရွယ် ကလေးများ၏ ကျန်းမာရေးနှင့်အာဟာရပြည့်ဝမှု တိုးတက်စေရန် ရည်ရွယ်၍ ကျောင်းအခြေပြုအစီအစဉ်များဖြင့် ကျောင်းသား၊ကျောင်းသူ ကလေးငယ်များ ပညာသင်ယူချိန်တွင် ကျန်းမာရွှင်လန်းပြီး စိတ်ရောကိုယ်ပါ တက်ကြွစွာဖြင့်   ကျောင်းသား၊ကျောင်းသူများ ကျောင်းနေပျော်ရေး၊ ကျောင်းတက်မှန်ရေး၊ ကျောင်းနေမြဲစေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျောင်းသားကျောင်းသူများ ကျန်းမာသန်စွမ်းရန်နှင့် အာဟာရပြည့်ဝရန်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ရမည့် ကဏ္ဍဖြစ်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူကလေးငယ်များအား သံချဆေးများ တိုက်ကျွေးခဲ့ကြပြီး နည်းစနစ်မှန် သွားတိုက်နည်းကို လက်တွေ့သရုပ်ပြ လေ့ကျင်းပေးခဲ့ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)