ကျုံပျော် ဩဂုတ် ၁၅
ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ၊ ပျဉ်းကတိုးကုန်းကျေးရွာ ၊ ဓမ္မာရုံအတွင်း၌ ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေအောင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်နှင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းတို့က ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာ ကိစ္စရပ်များ ကို၎င်း၊ စိုက်ဘဏ်ချေးငွေ ကိစ္စရပ်များ၊ မှုခင်းဆိုင်ရာ၊ သက်ငယ်မုဒိမ်းမှုဆိုင်ရာ ကိစ္စများကို ၎င်းကျေးရွာအုပ်စု အတွင်း လုံခြုံရေး၊ ကျေးရွာအလိုက် နေအိမ်အလိုက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နိုင်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိစ္စများကို၎င်း အသီးသီး ဆွေးနွေးကြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဖြေကြားပြီး၊ စစ်ကြောင်းကြီး(၅) ကြောင်းတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေး စသည့် စစ်ကြောင်းများ ပါဝင်ပြီး၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့စကားသံနှင့် တင်ပြလာမှုများအပေါ် အကူအညီ ပေးနိုင်ရေး အတွက် ကွင်းဆင်း၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)