ကျိုက်မရော သြဂုတ် ၁၅
မွန်ပြည်နယ် ကျိုက်မရောမြိုနယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီက အ.မ.က ဘိန်းဗျော ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.မ.က ဘိန်းဗျောကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းစိန်က အမှာစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုမြတ် မြတ်ထွေးကကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားစေရန် ကလေးအလုပ်သမားပပျောက်ရေးနှင့်ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ဆိုင်ရာသိကောင်းစရာ များကိုပညာပေးဟောပြောခဲ့သည်။
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် ကလေးကဗျာ များ၊ပုံပြင်စာအုပ်များ ရွှေသွေးဂျာနယ်များကိုငှားရမ်းဖတ်ရူစေပြီး ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာနှင့်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေးနံရံကပ်စာစောင်များကိုပြသပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ဝင်စားစွာ ကြည်ရူ လေ့လာခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)