တပ်ကုန်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အာဟာရအစာအုပ်စုများနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြိုင်ပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ကျောင်းသား၊ ကျောင်းသူများ အာဟာရအစာအုပ်စုများကို ပိုမိုသိရှိ အောင် ရည်ရွယ်ကျင်းပသည့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အာဟာရအစာအုပ်စု နှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပသည်။