ကျောင်းကုန်း ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၌ စပါးရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က အဆိုပါစက်မှုလယ်ယာဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုသိမ်ခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ခင်က ဒီစက်ကိရိယာတွေကို နိုင်ငံခြားကနေ တင်သွင်းလာတာဖြစ်တဲ့အတွက် တကယ်တန်းမှာ စပါးပင်ကြား၊တန်းကြား အကွာအဝေး စနစ်တကျစိုက်တဲ့အပေါ် ရိတ်သိမ်းခြွေလှေ့စက်နဲ့ ရိတ်မှသာလျှင် အဆင်ပြေမှာဖြစ်ကြောင်း၊ ပြုပြင်
ထိန်းသိမ်းမှု သေသေချာချာ မလုပ်ခဲ့ရင် တောင်ပံပေါက်တာတွေ၊ ပူလီကြိုးအလျော့အတင်းတွေ၊ မလိုလား အပ်ပဲ လီဗာကိုပိုနင်းတဲ့ အခါမှာ စပါးတွေကြွေနေရတာတွေ ဖြစ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးတင်မောင်က ကြည်နူးဝမ်းမြောက်စကား ပြောကြားခဲ့သည်။ ထို့နောက် အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်က သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် တစ်ဧက စပါး(၁၀) တင်း ပိုမိုအထွက်တိုးစေရန် ရင့်မှည့်စပါးခင်းများအား စပါးရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းရာတွင် အလေ အလွင့်နည်းပါးစေရန်အတွက် ရိတ်သိမ်းခြွေလှေ့မောင်းနှင်သည့် တောင်သူများ စက်ကြံ့ခိုင်ထိန်းသိမ်းမှုနှင့် ရိတ်သိမ်းမောင်းနှင်ရာတွင် အလေအလွင့်နည်းစေရန် စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ ဖြင့် သင်တန်းပို့ချပေးခြင်းဖြစ်သည်။
အဆိုပါ စပါးရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)ဆင့်ပွား သင်တန်းဖွင့်ပွဲသို့ ပုသိမ်ခရိုင် စက်မှုလယ်ယာဦးစီးဌာနခရိုင်ဦးစီးမှူး ဦးကျော်ခင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူသင်တန်းသား (၆၀)ဦးတို့ တက်ရောက်ခဲ့ပြီး၊ သင်တန်းကို ယနေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ(၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)