အ.ထ.က (မြို့သစ်) ၌ လူငယ်ရေးရာအသိပညာပေးဟောပြာပွဲကျင်းပ

မတ္တရာ    ဩဂုတ်   ၁၅

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁နာရီက အ.ထ.က (မြို့သစ်) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်မှ လူငယ်ရေးရာအသိပညာပေးဟောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်နှင့် စာရိတ္တ၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နှင့်ရည်မှန်းချက် စသည့်ခေါင်းစဉ်များဖြင့် ကျောင်းသားကျောင်းသူများနှင့် အပြန်အလှန် ဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် စာအုပ်ပြပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး (မတ္တရာ)