ကျိုက်ထိုမြို့နယ်တွင် Woman Club အဖွဲ့မှ စာဖတ်ဝိုင်း ပြုလုပ်

ကျိုက်ထို ဩဂုတ် ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများအသင်း (Woman Club) တို့ ပူးပေါင်း၍ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့်အမွေခံတစ်ယောက်အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က စာဖတ်ဝိုင်း ပြုလုပ်သည့် ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပြီး (Woman Club )အဖွဲ့ဝင် ဒေါ်နှင်းလဲ့လဲ့မူ ကအဆိုပါစာအုပ်မှ အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ ၊ဆရာမတိုက်‌ကျွေးသော အားဆေးစကား၊ ဆွေမျိုးမတော်စပ်သော ဆွေမျိုးများ ခေါင်းစဉ်များကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ထူးလဲ့လဲ့ဦးမှ စိန်‌ခေါ်ကြစေချင်ပါသည်၊ ဂုဏ်ယူစရာ ကြိုးစားစရာ ခေါင်းစဉ်များတို့ကို ဆွေးနွေး ပြောကြားကြရာ တက်ရောက်လာကြသော အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊စာဖတ်ခြင်းဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)