မိတ္ထီလာခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မိတ္ထီလာ ဩဂုတ် ၁

မိတ္ထီလာမြို့ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အဆိုပါဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း တို့ပူးပေါင်းဆောင်ရွက်သော စာဖတ်ဝိုင်းကို ဩဂုတ် ၁၅ နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာကိုသစ္စာ (ထီလာ) က အမှာစကားပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပသည်။ ၎င်းစာဖတ်ဝိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူကျောင်းသားများက မောင်ခင်မင်(ဓနုဖြူ) ရေးသားသော အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာစာအုပ် (လူငယ်နှင့်ပညာဆိုင်ရာစာစု) ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ဆရာမတစ်ဦး စာစီစာကုံးရေးသားရာတွင် ဂရုပြုလေ့လာရေးသားသင့်သော အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာကြည်သိန်းဇော်က စာဖတ်ဝိုင်းတွင် ဆွေးနွေးပြောကြားခဲ့သော ကျောင်းသူကျောင်းသားများ၏ ဆွေးနွေးပြောကြားမှုအပေါ် သုံးသပ်ဆွေးနွေးပြောကြားသည်။ ၎င်းနောက် စာဖတ်ဝိုင်းတွင်အကောင်းဆုံး ဆွေးနွေးပြောကြားခဲ့သူများအား မိတ္ထီလာပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် စာရေးဆရာကြည်သိန်းဇော်တို့က ဂုဏ်ပြုဆုများပေးအပ်ချီး မြှင့်ခဲ့ကြောင်းသိရသည်။

ချမ်းသာ (ပြန်/ဆက်)