မြိတ်မြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးများကိုယ်ခန္ဓာကြီးထွားသန်မာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ရောဂါကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားရစေနိုင်ရန်နှင့် စံမှီအာဟာရ ပြည့်ဝမျှတစေရန်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ်(၁၅)ရက် နံနက်(၁ဝ)နာရီက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ လူငယ်စကားဝိုင်း ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် (၉)နာရီခွဲက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့၌ စာဖတ်ဝိုင်း ကျင်းပ      

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူ တစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို သြဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ညောင်လူးကျေးရွာ၌ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ညောင်လူးကျေးရွာဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက  ကျင်းပခဲ့သည်။  

မံစီမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း(မံစီ)တို့ ပူးပေါင်းကျင်း၍ ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီက ဖုန်ကန်ဒူဝါခန်းမ၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အ.ထ.က(၇)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာ၊ အတတ်ပညာမြင့်မားကာ အမှားအမှန်များ ဝေဖန်ပိုင်းခြားတက်စေရေး၊ ကိုယ်ပိုင်ဉာဏ်စွမ်းများတိုးတက်လာစေရေး၊  လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း လူငယ်အသိပညာပေးဟောပြောပွဲများနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို မြို့နယ်အတွင်း ကျင်းပပြုလုပ်လျက်ရှိပြီး ဩဂုတ်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက အ.ထ.က(၇)အခြေခံပညာအထက်တန်းကျောင်းတွင်လူငယ်အသိ ပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လူငယ်လူရွယ် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ် ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ၁၅ရက်နေ့ နံနက်၁၀နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ပြေစာများအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ ဩဂုတ် ၁၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ပြေစာများအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက ရှင်းလင်းပြောကြားခဲ့သည်။

အ.ထ.က ခွဲ (၂၇) တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အ.ထ.ကခွဲ -  ၂၇ တွင် ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ မြောင်းမြမြို့တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု(‌အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄)အလတ်စားစက်ပြင်အလုပ်ရုံ၌ ဖွင့်လှစ်သည့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု(‌အခြေခံ) သင်တန်း(၃/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားသို့ ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီအချိန်က တက်ရောက်ခဲ့သည်။
Subscribe to