လဲချား ဩဂုတ် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ရာတွင် လဲချားမြို့နယ် ကုသရေးနှင့် ကျန်းမာရေးဌာစီးဌာနမှ ဒေါက်တာ ဇင်မောင်နွယ် ဦးဆောင်သော အဖွဲ့သည် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများနှင့် အာဟာရ ရက်သတ္တပတ်အဖြစ် အသက်(၅)နှစ်အောက် ကျောင်းသား/သူ များအား သန်ချဆေးတိုက်ကျွေးခြင်း အစာအာဟာရ အကြောင်းကို အသိပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)