သိန္နီ သြဂုတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်း အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် ကျောင်းသား ကျောင်း သူလူငယ်များ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်လာစေရန်၊ ထူးချွန်ထက်မြက်သည့် လူတော် လူကောင်းများပေါ်ပေါက်လာစေရန်၊ အတူတကွကြိုးစားပြီး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်များ ရှိလာစေရန်၊ အားလပ်ချိန်များတွင် စာကြည့်တိုက်သို့ လာရောက်ပြီး ဗဟုသုတများ ရှာဖွေစူးစမ်းလေ့လာသည့် စာအုပ်စာပေ တန်ဖိုးကို နားလည်သော စာဖတ်ဝါသာနာပါသူများဖြစ်လာစေရန်အတွက် ပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲအား ကျင်းပရာ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးက အုပ်စု(၂ )စုခွဲ၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် (၂) အဖွဲ့အား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)