စလင်း သြဂုတ် ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကူတိုကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သြဂုတ်လ (၁၅) ရက် နံနက်(၉)နာရီ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်ဇွဲက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက မိတ်ဆက်စကား ပြောကြားပြီး ကျောင်းပညာရေးသင်ကြားနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြင်ပ စာအုပ်စာပေများနှင့် ကျောင်းတွင်း စာပေကျက်နည်း ဖတ်နည်းများ စာပေဖတ်ရှုခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်က အစားအသောက်နှင့် ပတ်သက်၍ ကုန်စည်ဝန်ဆောင်မှု ကုန်အညွှန်း အမှတ်အသားများအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် စားသုံးသူများမှ စားသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို ပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက အားကစားဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသီးသီး အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်ဇွဲက လက်ခံရယူခဲ့သည်။ ဟောပြောပွဲ အပြီးတွင်စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသည့် အသားအသောက်ကုန်ပစ္စည်းများနှင့် ဆက်စပ်သည့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကာ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျော င်းသူ စုစုပေါင်း (၂၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်လွင်