၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရပ်စောက်မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဩဂုတ်လ(ဒုတိယပတ်) မြို့နယ်အဆင့် ကျန်းမာရေးအဆင့် မြှင့်ကျောင်းထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် (၁၄) ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကာလိမြို့တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း လွိုင်ဖာ၌ ကျင်းပခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ်ဌာနဆိုင်ရာများ အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး သာစည်မြို့အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် ၈ နာရီက ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့်စာပေဝါသနာရှင်များစာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာများနှင့် စာပေဝါသနာရှင်များ စာဖတ်ဝိုင်းပြုလုပ်ပြီး ရသစာပေများ ဆွေးနွေးခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ်တွင် အဆင့်မြင့်ဘော်လီဘောအားကစားသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဘော်လီဘောအားကစားဖွံ့ဖြိုးတိုးတက်ပြီး မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အဆင့်မြင့်ဘော်လီဘောအားကစားသင်တန်းကို မြို့နယ်ပြည့်သူ့ကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနဦးစီးအရာရှိ ဦးဝင်းထွန်းဦးထံကသိရသည်။

သာစည်မြို့နယ်တွင် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးနှင့် အစားထိုးပစ္စည်းများအသုံးပြုရေး အသိပညာပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းညစ်ညမ်းမှုအန္တရာယ်ကို ပြည်သူများသိရှိပြီး ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးနှင့်သုံးစွဲမှုပပျောက်စေရေး အသိပညာပေးခြင်းများကို ဩဂုတ် ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲက လှိုင်းတက်စည်ပင်သာယာဈေးနှင့်သာစည်မြို့မဈေးကြီးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ဗီတာဗင်–A နှင့် သံချဆေးတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ဩဂုတ်လ ၁၄ ရက်နေ့ ၉ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ဗီတာဗင်–A နှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် ပြည်သူလူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း (ငှက်ဖျား)လုပ်သားမွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဗဟိုငှက်ဖျားကာကွယ်တိုက်ဖျက်ရေးအဖွဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားပါက ထိရောက်စွာကာကွယ်ကုသနိုင်ရန်ရည်ရွယ်၍ ပြည်သူလူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း (ငှက်ဖျား) လုပ်သားမွမ်းမံသင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ သြဂုတ်လ ၁၂ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိသည်။

သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (အခြေခံအပ်ချုပ်စက်)(၂)လ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်သော (၂၀၂၃–၂၀၂၄)ခု ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (အခြေခံအပ်ချုပ်စက်)(၂)လသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက သရက်ချောင်းမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီစဥ်ဆောင်ရွက်မှုဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to