မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ဩဂုတ်လ ၂၉ ရက် နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးက အခမ်းအနားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အနာဂတ်ရဲ့ မျိုးဆက်သစ် ကလေးငယ်များငယ်ရွယ်စဉ်မှစ၍ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်မြင့်မားသည့် ကလေးငယ်များဖြစ်စေရေး၊ မိခင်လောင်းများ ကိုယ်ဝန်ဆောင်စဉ်မှစ၍ ကျန်းမာရေးဗဟုသုတများပြည့်စုံမှသာ မွေးဖွားလာမည့်ကလေးများအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ မိခင်လောင်းများနှင့် ကလေးငယ်များအနေဖြင့် အစာအုပ်စု(၃)စုကို ညီညွတ်မျှတစွာ စားသောက်တတ်စေဖို့ အသိပညာပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။