အ.ထ.က ခွဲ (၂၇) တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ချမ်းအေးသာစံ သြဂုတ် ၁၇

အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အ.ထ.ကခွဲ -  ၂၇ တွင် ကျင်းပသည်။

ဟောပြောပွဲတွင် အ.ထ.က ခွဲ ၂၇ တာဝန်ခံ ကျောင်းအုပ်ဆရာမ ဒေါ်ဝင်းမို့မို့ဇော်မှ အဖွင့်အမှာစကား ပြောကြား၍ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ လူငယ်ရေးရာအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲနှင့်အတူ အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ သုတရသစာအုပ်များ၊ စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်