မိုးမောက်မြို့၌ စာဖတ်ဝိုင်း ကျင်းပ      

မိုးမောက် သြဂုတ် ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူ တစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို သြဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းနှင့် စာဖတ်ဝိုင်းများမှတစ်ဆင့် အသိအမြင်အတွေးအခေါ်ဖလှယ်နိုင်ခြင်းမှ အသိအမြင်ကောင်းများ အတွေးအခေါ်ကောင်းများရရှိလာစေနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ချိုသက်ဇွန်က စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်မှ လူငယ်တွေအတွက် “လူကြီးတွေ ပြင်ဆင်သင့် သည့်အရာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ဝင်းက တပည့်တွေအကြောင်းခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)