ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဒဂုံမြောက်   သြဂုတ် ၁၇

လူငယ်လူရွယ် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ် ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ၁၅ရက်နေ့ နံနက်၁၀နာရီက အမှတ်() အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက  “လူငယ်နှင့်မူးယစ် ဆေးဝါး”ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် မူးယစ်ဆေးဝါး စတင်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ် ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာတို့တွင် ထိခိုက်မှုများအကြောင်းတို့ကို ဟောပြောခဲ့ပြီး အမှတ်(၂) အခြေခံ ပညာအထက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စပယ်လှက လူငယ်နှင့်ပညာရေး ခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူလူငယ်များအား ယနေ့ခေတ် သည် ပညာခေတ်ဖြစ်ပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမှ ပညာရေးလည်းကောင်းမွန်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း ပညာရေး‌စနစ်ကို အဆင်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပြီး ဗလငါးတန် ပြည်စုံ၍ လူကောင်းလူတော်များဖြစ်‌အောင် ကြိုးစားကြရန်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်သန်းသန်းနွယ်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလဟူသည့် ဗလငါးတန် နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ ကျောင်းစာအပြင် အာကစားနည်း တစ်မျိုးမျိုးကို လေ့လာလိုက်စားပါက ကျန်းမာရေး၊ ပညာရေး အဘက်ဘက်မှ တိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း စသဖြင့် အသီးသီးဟောပြာခဲ့သည်။ 

ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော  မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)