ဒိုက်ဦး ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ ဩဂုတ် ၁၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ပြေစာများအပေါ် ကျသင့်ကုန်သွယ်လုပ်ငန်းခွန် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြဦးက ဒိုက်ဦးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေထည်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်း (Handset) ဆက်စပ်ပစ္စည်းများ ရောင်းချဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြေစာများအပေါ်တွင် ကျသင့် ကုန်သွယ်လုပ်ငန်းခွန် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အခွန်ထမ်းပြည်သူများ၏ သိလိုသည်များအား ရှင်းလင်းပြောကြားပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)