ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ မြောင်းမြမြို့တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု(‌အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မြောင်းမြ ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄)အလတ်စားစက်ပြင်အလုပ်ရုံ၌ ဖွင့်လှစ်သည့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု(‌အခြေခံ) သင်တန်း(၃/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားသို့ ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီအချိန်က တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ရိတ်သိမ်းခြွေလှေ့စက်နှင့် ရိတ်သိမ်းခြွေလှေ့ရာတွင် လက်ရှိ စက်မောင်းနှင်နေသူများသည် စနစ်တကျ သင်တန်းတက်ရောက်ခြင်းမရှိဘဲ မောင်းနှင်နေသည့်အတွက် အလေ့အလွင့်များ ပိုမိုဖြစ်ပေါ်နေခြင်းကြောင့် စနစ်တကျ ကိုင်တွယ်မောင်းနှင်ထိန်းသိမ်းတတ်ပြီး အလေအလွင့်လျော့နည်းစေရန် ယခုသင်တန်းကို ဖွင့်လှစ်‌ပေးရခြင်းဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် စက်မှုလယ်ယာဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးဌာနမှူး ဦးလှထွန်းက သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခြင်း၊ သင်တန်းကြီးကြပ်သူများနှင့် နည်းပြများမှ တစ်ဦးချင်းဂါဝရပြု မိတ်ဆက်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းကြီးကြပ်သူအဖြစ် ဦးအောင်အောင်ဦး (လက်ထောက်ညွန်ကြားရေးမှူး) အမှတ်(၄)အလတ်စားစက်ပြင်အလုပ်ရုံ၊ ဦးထက်ခေါင်ဝင်း (ဦးစီးအရာရှိ) အမှတ်(၃၈)စက်မှုလယ်ယာစခန်း၊ နည်းပြများမှာ Kubota Ayeyarwady မှ(၃)ဦး၊ အလတ်စားစက်ပြင်အလုပ်ရုံမှ (၄)ဦး၊ အမှတ်(၁)ပင်မစက်ပြင်အလုပ်ရုံမှ (၁)ဦး၊ အမှတ်(၂)ပင်မစက်ပြင်အလုပ်ရုံမှ (၁)ဦးတို့က စာတွေ့၊ လက်တွေ့ သင်ကြားပို့ ချပေးမည်ဖြစ်သည်။ သင်တန်းကို ဩဂုတ်လ ၁၅ ရက်နေ့မှ စက်တင်ဘာ(၉)ရက်နေ့အထိ (၄)ပတ်ကြာ သင်ကြားပို့ချမှာဖြစ်ပြီး မြောင်းမြမြို့မှ သင်တန်းသား(၃၉)ဦး၊ အိမ်မဲမြို့မှ သင်တန်းသား(၁၁)ဦး၊ စုစုပေါင်း သင်တန်းသား (၅၀)ဦး တက်ရောက်သင်ကြားကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)