မံစီမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မံစီ  ဩဂုတ်  ၁၇

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း(မံစီ)တို့ ပူးပေါင်းကျင်း၍  ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီက   ဖုန်ကန်ဒူဝါခန်းမ၌   လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မံစီ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းဝေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မံစီမြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက လူငယ်များအသိပညာဗဟုသုတများ ပိုမိုရရှိလာရေးနှင့် စကားပြောအတတ်ပညာ ပိုမိုကျွမ်းကျင်လာပြီး လူအများရှေ့တွင် စကားကို ရဲဝံ့စွာပြောဆိုတတ်လာ မည့်အပြင် စဉ်းစားတွေးခေါ်မှု စွမ်းရည် ရင့်သန်လာစေရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အကျင့် စာရိတ္တကောင်းမွန်ပြီး  မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပရာတွင်  အခြေခံပညာ အထက်တန်းကျောင်း (မံစီ)မှ Grade-9နှင့် Grade-8 မှ   ကျောင်းသား ကျောင်းသူများ ဖြစ်ကြသည့်  မောင်စိုင်းအံ့ထူးကိုက လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊  မဆုမြတ်သံစဉ်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ရဲရင့်လွင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မဆောင်းဇင်မာက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ရှိုင်းထက်အောင်က စာဖတ်ခြင်းမှ ရရှိသောအကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မရှဒေါင်နူးနူးပန်က ကျန်းမာခြင်းသည်လာတ်တစ်ပါး ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)