အင်္ဂပူမြို့နယ်၊ ကွင်းကောက်(အ.ထ.က) ကျောင်းတွင် လူငယ်နှင့်စကားဝိုင်းကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက် (အ.ထ.က) ကျောင်းခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျောင်သား/သူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှုစွမ်းရည်မြင့်မားစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကျင်းပပြုလုပ်သည်။