နတ်တလင်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်း ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ကလေးသူငယ်အခွင့်ရေးများ ဆိုင်ရာအသိပညာပေး သင်တန်းပို့ချခြင်းကို မြို့မအခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းတည့်  ၁၂ နာရီက ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၃ ရက်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်စိုက်ပျိုးရေး သုတေသနခြံ၌သရုပ်ပြစိုက်ပျိုးခြံနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရူ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူသြဂုတ်(၂၃)ရက် နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း) ရွှေညောင်စိုက်ပျိုးရေးသုတေသနဦးစီးဌာန တာယောစိုက်ပျိုးရေးသုတေသနခြံ၌ ဖြန့်ဝေပြီး လယ်စပါးမျိုး သရုပ်ပြစိုက်ပျိုးထားမှုနှင့် ကောက်စိုက်စက်ဖြင့် စပါးသရုပ်ပြစိုက်ပျိုးထားမှုကို ကွင်းဆင်းလှည့်လည်ကြည့်ရှုကြရာ တာယောသုတေသနစိုက်ပျိုးရေးခြံ မန်နေဂျာဦးလှဦးမှ ရှင်းလင်းကြောင်း သိရသည်။

လဟယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကဗျာ၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြောပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပပြု လုပ်သောအပတ်စဉ်ကဗျာ၊ ပန်းချီ၊ဆေးရောင်ခြယ်၊ ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁) နာရီအချိန် အဆိုပါခန်းမ၌ကျင်းပပြုလုပ်ပါသည်။

ရွှေတောင်မြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်(၁)လုံးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ သစ်ချိုပင်လမ်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် လူနေအိမ်(၁)လုံးအား ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၃ မြန်အောင်၌ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၃ကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ (၂၁)ဌာနဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံရေး ဒေသန္တရ အရပ်ရပ်အစည်းအဝေးကျင်းပ

၁၃၈၅-ခုနှစ်၊ သီတင်းကျွတ်လ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ အင်းလေးကန်ဝဲယာ (၂၁)ဌာနသို့ဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံရေး ဒေသန္တရအရပ်ရပ်အစည်း အဝေးကို ဩဂုတ်(၂၄)ရက် နေ့လည်(၁၂)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင် တော်ဦးမြတ်စွာဘုရား ကုန်းတော်မြတ်ရှိ ဗုဒ္ဓသာသနာထိန်ထိန်လင်း ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည်။

မိုးနေကြာစိုက်ပျိုးရေး မြန်အောင်ခရိုင်အတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၂၀၂၃-၂၀၂၄ခုနှစ် မိုးနေကြာစိုက်ပျိုးရေး ခရိုင်အတွင်း စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မိုင်းယောင်းမြို့နယ်တွင် ယာဥ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show

မိုင်းယောင်းမြို့နယ်တွင် ယာဥ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show မိုင်းယောင်း သြဂုတ် ၂၅ ဝေဝေခိုင်

မြောက်ဦးမြို့၌ ရေဘေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ရေဘေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ယမန်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမနှင့် အောင်တပ်ချောင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to