ကချင်ပြည်နယ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်း ပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ ကချင်ပြည်နယ်နှင့် နုကျန်းပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ ဌာနဆိုင်ရာဝန်ထမ်းများအား အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ အစေ့ထုတ်ပြောင်းစမ်းသပ်ကွက်၊ ပဲပုပ်စမ်းသပ်ကွက်များ စိုက်ပျိုးပြသခြင်းနှင့် မိုဘိုင်းဆိုလာဖြင့် ရေအသုံးချမှု ကွင်းသရုပ်ပြပွဲ လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ အစေ့ထုတ်ပြောင်းစမ်းသပ်ကွက်၊ ပဲပုပ်စမ်းသပ်ကွက်များ စိုက်ပျိုးပြသခြင်းနှင့် မိုဘိုင်းဆိုလာဖြင့် ရေအသုံးချမှု ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်စိုက်ပျိုးရေး သုတေသနခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်မှ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။

ဆေးတက္ကသိုလ်(မန္တလေး)နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) ဝင်ခွင့်လျှောက်လွှာများ စတင်လက်ခံ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးသူများအနေဖြင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားလိုပါက လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်မှ စက်တင်ဘာလ (၁၀) ရက်နေ့အထိ၊ နံနက် (၉:၃၀) နာရီမှစ၍ ညနေ(၄:၃၀)နာရီအတွင်း ပိတ်ရက်မရှိ ချမ်းအေးသာစံမြို့နယ် လမ်း(၃၀)ပေါ်ရှိ ဆေးတက္ကသိုလ်(မန္တလေး)နှင့် ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်းပေါ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တို့တွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

ကယားပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဆပ်ကော်မတီများနှင့် သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပညာရှင်များ တက်ရောက်ခဲ့ကြ သည်။

ကသာခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စတုတ္ထအကြိမ်မြောက် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်း များ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာ ညိမ်းညို၏ “ကျင့်ဝတ်လည်ဆွဲမြဲနိုင်ခဲစေ” ရသစာတမ်းဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာ၌ နွားအကောင်ရေ(၂၄၀)ကောင်အား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဝန်ထမ်းများက မွေးမြူရေးနှင့်လယ်ယာလုပ်တောင်သူများ၏ နွားများတွင် ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက်(၇) နာရီက ရစ်ကန်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် စံပြမိခင်၊ ကိုယ်ဝန်ဆောင်ဆုပေးပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် စံပြမိခင်၊ ကိုယ်ဝန်ဆောင်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Subscribe to