မိုးကုတ်မြို့နယ်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

မိုးကုတ် ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပ​သည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊  လူ​မှောင်ခို/လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သက်ငယ်မုဒိန်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်က ရှောလီဝိုင်းရပ်ကွက်၊  အောင်ချမ်းသာရပ်၊ အ..က () ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မိုးကုတ်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းဦးက လူမှောင်ခို/ လူကုန်ကူးမှုနှင့် ပတ်သက်သည့်​အကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပါ ပြစ်မှု/ပြစ်ဒဏ်များကို ဟောပြော ဆွေးနွေးပြီး  မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးစိုင်းတင်ထွန်းဦးက သက်ငယ်မုဒိန်းမှုဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ဒုတိယရဲမှူးစိုးနိုင်က မြို့နယ်အတွင်း မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး ဆောင်ရွက်နေသည့်လုပ်ငန်းစဥ်များ၊ မူးယစ်ဆေးဝါးအကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးအမျိုးအစားများအကြောင်း၊ တစ်စိတ်တစ်ပိုင်းပြုပြင်ထားသော မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးသုံးစွဲပါက ဖြစ်ပေါ်လာမည့်ဆိုး ကျိုးများအကြောင်းကိုလည်းကောင်း  အသိပညာပေးဟောပြောခဲ့​​ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အသိပညာပေးဟောပြော ဆွေးနွေးသူများမှ တက်ရောက်လာသည့် ကျောင်းသား/သူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်း၍ မှန်ကန်စွာဖြေဆိုနိုင်သည့်  ကျောင်းသား/ကျောင်းသူများကို ဆုများချီးမြှင့်ခဲ့ကြပြီး အဆိုပါဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကြည်ကြည်နွဲ့(ပြန်/ဆက်)