ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းကြောင်းပျက်စီးသွားသော မြစိန်ရောင်စေတီ ထီးတောင်တင်လှူ

ရသေ့တောင် ဩဂုတ် ၂၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းကြောင်း ပျက်စီးသွားသော စည်ကား‌တောင်‌ တောင်ပေါ်ရှိ မြစိန်ရောင်စေတီတော်မြတ်အား ထီးတော်တင်လှူပွဲကိုယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ထီးတော်တင်လှူပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်ဦးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်များနှင့် ဧည့်သည်တော်များက သံဃာတော်အရှင်သူမြတ်တို့ထံမှ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခန်းအနားဖွင့်လှစ်ခြင်း၊  ငါးပါးသီလခံယူခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်အား ရွတ်ဖတ်ပူဇော်ပြီးနောက် မြစိန်ရောင်စေတီတော်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများကထီးတော်၊ ငှက်မြတ်နားတော်များကို တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ရသေ့တောင်(ပြန်/ဆက်)