လှည်းကူးမြို့နယ် ကြို့ကုန်းရာဘာခြံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေ (ပထမ) နှစ်စက်ဝန်း အတွက် ငွေကျပ် (၂၉၄) သိန်းထုတ်ချေး

လှည်းကူး  သြဂုတ်     ၂၅

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ လိုအပ်သောအရင်းအနှီးရရှိစေရန်၊ အလုပ် အကိုင်အခွင့် အလမ်းများရရှိစေရန်နှင့် မိသားစုဝင်ငွေများ တိုးပွားစေရန်ရည်ရွယ်၍၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေ (ပထမ)နှစ်စက်ဝန်း အတွက်ချေးငွေထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဟိုင်းကူးကျေးရွာအုပ်စု၊ ကြို့ကုန်းရာဘာခြံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေထုတ်ချေးရာသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့်ဝန်ထမ်းများက ကြီးကြပ်၍ကျေး ရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလုပ်ငန်းအမျိုးအစား ငါးမျိုးခွဲခြား၍ ချေးငွေအောင်သူ အသင်းသား (၆၃)ဦးထံသို့ စုစုပေါင်း ငွေကျပ်(၂၉၄)သိန်းအား စနစ်တကျနေ့ ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ကြို့ကုန်းရာဘာခြံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီးမြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်း နှင့်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)