တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့  Polytechnic University ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်  

မြိတ်  ဇွန်   ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့  Polytechnic University (ကွန်ပျူတာမဟာဌာန)အတွင်း  ဇွန်(၁‌၃)ရက် နံနက်ပိုင်းက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ပြီး မိုးရာသီ သစ်ပင်ကို စိုက်ပျိုးပေးကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက် ပျိုးပွဲတော်၌ စိုက်ပျိုးကြမည့်ပျိုးပင်များကို တာဝန်ရှိသူများအားပေးအပ်ကြသည်။ ထို့နောက် တိုင်းဒေသကြီ ဝန်ကြီးချုပ် ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၊ Polytechnic University ဒုပါမောက္ခချုပ်၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက မိုးရာသီသစ်ပင်များကို စုပေါင်းစိုက်ပျိုးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးရာသီသစ်ပင် စိုက်ပျိုးကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျဉ်းကတိုး၊ သင်္ကန်း၊ မ‌ဟော်ဂနီ၊ ခရေ၊ ကံကော်၊ ပိတောက်၊ စိန်ပန်းကြီး၊ မန်ဂျန်ရှား စသည့် သစ်မျိုး အပင် (၁၂၁၀) ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက်)