ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစားဝန်ထမ်းများအား မိုးတွင်းရိက္ခာ လှူဒါန်း

ဝါးခယ်မ  ဇွန်  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွင်တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ဝန်ထမ်းကြီးများအား ပူဇော်ကန်တော့ခြင်းနှင့် မိုးတွင်း ရိက္ခာလှူဒါန်းပွဲကို ဇွန် ၁၃ ရက်  ၉  နာရီက အောင်ဇေယျအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်နှင့် ဇနီးတို့က ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းကြီး (၂၄)ဦး တို့အား ဆန်(၂၄) အိတ်၊ ဆီ (၂၄)ပိဿာ၊ ကြက်ဥအလုံးရေ(၂၄၀)၊ ခေါက်ဆွဲခြောက်(၃)ဖာနှင့် ဝတ္ထုငွေများကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်