ကလေးဝ ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက အမှတ် (၁) ရပ်ကွက်ရှိ မြို့ဝင်မြစ်သာပန်းခြံ၌ ပြုလုပ်ခဲ့သည်။
မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် စိုက်ပျိုးမည့် ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် မြို့နယ်ရဲမှူး အေးမင်းစိုးတို့က ပေးအပ်ကြရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုကိုယ်စား မြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဦးနေလင်း၊ မြို့မိမြို့ဖ ဦးတင်ဆန်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများက ခရေ ၅၀၊ ပိတောက်ပင် ၁၀၀၊ မယ်ဇလီပင် ၈၀၊ ကံ့ကော်ပင် ၅၀၊ စိန်ပန်းပင် ၇၀၊ သပြေဘူတ ၅၀၊ ပျဉ်ကတိုး ၁၀၀ စုစုပေါင်း ပျိုးပင် ၅၀၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)