မင်္ဂလာတောင်ညွန့် ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ယမန်နေ့နံနက် (၉) နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာနတို့ ပူးပေါင်း၍ မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့် ကျောင်းထူထောင်ခြင်း ဆင့်ပွားသင်တန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆင့်ပွားသင်တန်းတွင် မြို့နယ်ပညာရေးမှူး ဒေါ်ရီရီစန္ဒာက အမှာစကား ပြောကြာခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သင်တန်းပို့ချခဲ့ပါကြောင်း သိရသည်။
မြတ်မြတ်အေး (ပြန်/ဆက်)