ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကြံခင်း ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက  စာပေချစ်မြတ်နိုးသူများ Book Club၊ Woman Club၊ Youth Club အဖွဲ့ဝင်များဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က အစည်းအဝေးခေါ်ယူကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်၊ Book Club အဖွဲ့ဝင် ဦးခင်မောင်ဌေးက ၂၀၂၄ခုနှစ်အတွင်း အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းသည်။

ဆက်လက်ပြီး Woman Club အဖွဲ့ဝင်ဒေါ်ဆန်းသစ်က အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ Youth Club အဖွဲ့ဝင် ဒေါ်မိမိခိုင်က စာဖတ်ဝိုင်းများ၊ စာပေဆွေးနွေးပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စာပေချစ်မြတ်နိုးသူ Book Club၊ Woman Club၊ Youth  Clubအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)