ကန့်ဘလူ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြိုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုး

ကန့်ဘလူ ဇွန် ၄

ယခုနှစ် ဇွန် ၅ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၄ ရက်နံနက် ၈ နာရီက မြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံဝင်းအတွင်း ကျင်းပသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးဆန်းလင်းနှင့်အဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညီညီဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများ၊ ဆရာ ဆရာမများနှင့်ကျောင်းသားကျောင်းသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်စိုးလွင်နှင့်ဝန်ထမ်းများက ဆေးရုံးဝင်းအတွင်း ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ကျွန်း၊ ဗန်ဒါ၊ တမာ၊ မယ်ဇလီနှင့်သင်္ဘောတယ် စသည့်ပျိုးပင်ပေါင်း ၅၀၀ ကျော်ကို တပျော်တပါးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)