တံတား ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ မိခင်နှင့်ကလေးကျန်မာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများကို လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိပြီး မွေးကင်းစမှ အသက် (၁) နှစ်ခွဲအထိ ကလေးများအားပေါင်ချိန်ပေးခြင်း အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ဝက်သက်-ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းအပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်မိခင်များကို ကျန်မားရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို တံတားမြို့၊ ကျန်မာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးဖြူလွင် (ပြန်/ဆက်)