လှည်းကူး ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်နှင့် ဘွဲ့ရသင်တန်းများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဥ် (၁၁/၂၄)တွင် သင်တန်းသား/သူ (၁၉၄)ဦးနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ်တွင် ယနေ့အထိ ကျောင်းသား/သူ (၆၃၁)ဦး၊ စုစုပေါင်း (၈၂၅)ဦးတို့ တက်ရောက်သင်ယူလျက်ရှိကြောင်း လှည်းကူးပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူတစ်ဦးထံက သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)