လားရှိုး ၊ ဇွန် ၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သစ်သီးအလှဆင် သင်တန်း (၁/၂၀၂၄) ဆင်းပွဲကို ယမန်နေ့ညနေ (၃) နာရီက အဆိုပါ Community Centre ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြား ရေးမှူး ဦးလှဌေး က သင်တန်းဆင်းအမှာစကားပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းနည်းပြဆရာ ဦးစိုင်းအောင်မျိုးအား ကျေးဇူးတင်လွှာနှင့်အမှတ်တရ ဂါရဝပြုလက်ဆောင်ပေးအပ်သည်။
ဆက်လက်၍ သင်တန်းသူဒေါ်ခင်ချမ်းသာက သင်တန်းဆင်းကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
သစ်သီးအလှဆင်သင်တန်းကို သုံးရက်ကြာမြင့်ခဲ့ပြီး သင်တန်းသူ ၁၅ ဦးတက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)