ဘားအံ ဇွန် ၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်နေ့စ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ ယမန်နေ့တွင် ကရင်ပြည်နယ်အတွင်း တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် အခြေခံပညာကျောင်းများ စုစုပေါင်း ၁၂၃၇ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၁၉၁၁၈၀ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒေသအာဏာပိုင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ဆရာ၊ ဆရာမများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်ကို မြင်တွေ့ရပြီး ကျောင်းအပ်နှံရသေးခြင်းမရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံပေးလျက်ရှိကာ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်အပ်နှံနိုင်ရေး တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)