သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သင်္ဃန်းကျွန်း ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ၂၉ရပ်ကွက်၊  မင်းဒင်လမ်း၊ ပုညကာရီဓမာရုံတွင် တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ်မှ တာဝန်ရှိဝန်ထမ်းများက ၂၉ ရပ်ကွက်၊ မင်းဒင်လမ်း၊ ပုညကာရီဓမာရုံသို့ ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ပြည်သူများ၊  အသက်(၁၀)နှစ်ပြည့်ပြီးသူနှင့် အသက် (၁၈) နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ ပျောက်ဆုံး၊ ပျက်ဆီး‌မှုများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း လုပ်ငန်းများကို  သင်္ဃန်းကျွန်းမြို့နယ်တွင်းရှိ ရပ်ကွက် (၃၈) ရပ်ကွက်သို့ အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းအောင်